ယနေ့ မြန်မာ့အင်တာနက် နှင့် ပညာရပ်ဆိုင်ရာ အခွင့်အလမ်းများ ဟောပြောပွဲ
ဤဟောပြောပွဲတွင် ယနေ့ မြန်မာပြည်၏ Digital နှင့် Internet အပြောင်းအလဲ အဖြစ်အပျက်များ နှင့် ပညာရပ်ဆိုင်ရာ အခွင့်အလမ်းများကို လက်တွေ့လုပ်ကိုင်လျှက်ရှိသော ပညာရှင်များမှ သက်ဆိုင်ရာ နယ်ပယ်အလိုက် ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံကနေ၍ ရှုမြင်သုံးသပ်ချက်မျိုးစုံကို ဟောပြောကြမည်ဖြစ်ရာ စိတ်ပါဝင်စားသူ အားလုံးကို ဖိတ်ခေါ်အပ်ပါသည်။
ဟောပြောပွဲကို နံနက် ၉ နာရီ မှ ညနေ ၅း၂၀ ထိ ပြုလုပ်မည်ဖြစ်ရာ လာရောက်သူများအနေဖြင့် မိမိကြိုက်နှစ်သက်သည့် အစီအစဉ်တွင် လာရောက်နားထောင် နိုင်ရန် စီစဉ်ထားပါသည်။ အသေးစိတ်အစီအစဉ် များကို www.myanmartraining.com တွင်၎င်း၊ www.myanmarchronicle.com တွင်၎င်း MyanmarInternetSeminar.blogspot.com ၀င်ရောက် ကြည့်ရှုနိုင်ပါသည်။
ဤဟောပြောပွဲအပြီးတွင် ယနေ့ Internet ဆိုင်ရာ အလုပ်အကိုင်များနှင့် ပညာရေးဆိုင်ရာ လက်တွေ့ လုပ်ကိုင်နိုင်သော အခွင့်အရေးများကို သိရှိသွားမည်ဖြစ်ပါသည်။
ဤဟောပြောပွဲတွင် ရန်ကုန်မြို့ရှိ သင်တန်းကျောင်းများအား အထူးနှုန်းဖြင့် အပ်နှံနိုင်ခြင်း၊ ကံစမ်းမဲအစီအစဉ် (၃) ကြိမ် နှင့် Cyber Café များမှ အင်တာနက် သုံးစွဲခွင့် အခမဲ့ကဒ်များရရှိနိုင်ခြင်း စသည်တို့ကို စီစဉ်ထားပါသည်။
ဤဟောပြောပွဲ၏ ကံစမ်းမဲအစီအစဉ် နှင့် အထူးနှုန်းဖြင့် ၀န်ဆောင်မှုပေးသော အစီအစဉ်များတွင် ပါဝင်လိုသော သင်တန်းကျောင်းများ၊ အင်တာနက်စင်တာများနှင့် စိတ်ပါဝင်စားသူများသည် Service+ နှင့် Creative Web Studio သို့ ၂၀၀၇ ခုနှစ် မတ်လ (၂၈)ရက် နောက်ဆုံးထားကာ ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။ အခမဲ့ဝန်ဆောင်ပေးမှု ဖြစ်ပါသည်။
Organized by
SERVICE+ & CREATIVE Web Studio
MyanmarInternetSeminar.blogspot.com
Time : 9:00 am to 5:20 pm
Day : March 31st 2007
No comments:
Post a Comment